သာသနာ့အလံ အသုံးပြုပုံ သိမှတ်ဖွယ်ရာများ



အသုံးပြုပုံ
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-

က)အခါကြီး ရက်ကြီးများ
 ကဆုန်လပြည့် (ဗုဒ္ဓနေ့)
 နယုန်လပြည့် (မဟာသမယနေ့)
 ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
 ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
 တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
 သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
 တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
 တပို့တွဲလပြည့် (သြဝါဒ ပါတိမောက် အခါတော်နေ့)

ခ)ပွဲတော်နှင့် အခမ်းအနားများ
 ၀ါဆိုပွဲတော် အခမ်းအနား
 အဘိဓမ္မာအခါတော်နေ့
 ကထိန်ပွဲတော်
 ရဟန်းခံရှင်ပြုပွဲ
 ဆွမ်းကြီးလောင်းလှူပွဲ
 စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
 နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
 ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
 ဘုရားထီးတင်ပွဲ
 ဗုဒ္ဓပူဇနိယပွဲတော်
 အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
 သံဃာ့အစည်းအဝေး
 သံဃဝိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
 ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။

ဂ)လွှင့်ထူ အသုံးပြုနည်း၊ အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လကျ်ာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊

ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
 ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
 လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။

Comments