ဘုရားရှင် ဆံတော် ဘာကြောင့်အရှည်ထားရတာလဲ
***************************************
ဒီမေးခွန်းကို စတင်မေးခဲ့သူက ဘာသာခြား
တစ်ယောက်။ကြက်သေသေပြီး ဆွံအခဲ့သူက
ကျွန်တော်နဲ ့သူငယ်ချင်းတွေ။သူကမေးတယ်။
""ဘုရားရှင်က ချစ်သားရဟန်းတွေကျတော့ ဦး
ပြည့်ကတုံးနဲ့။သူကိုယ်တိုင်ကျတော့ ဆံတော်အ
ရှည်နဲ ့ကျတော့ သိပ်နည်းလမ်းမကျဘူးမဟုတ်
လား။စော်ကားချင်လို ့မေးတာမဟုတ်ပါဘူး။ကြို
ပြီးတောင်းပန်တာပါ။သိချင်လို ့ပါ။တစ်ကယ်လို ့
တပည့်ရဟန်းတွေကို ဦးပြည့်ကတုံးနဲ ့ဆိုရင် သူ
လည်းဦးပြည့်ကတုံးဖြစ်သင့်တယ်မဟုတ်လား။ဒါမှ
နည်းလမ်းကျမှာပေါ့""
ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာစစ်စစ်ပါလို ့ ရဲရဲကြီးကြွေးကြော်တဲ့ ကျွန်တော် အရှက်ရပြီ။
ကိုယ်လည်းတစ်ခါမှ ဒီလောက်နှီူတ်နှီူတ်ချွတ်
ချွတ် မစဉ်းစားမိခဲ့။မေးသူကမေး။ဖြေရမယ့်လူတွေ
က စွန် ့အ။နောက်ဆုံးတော့ ဘာသာရေးနဲ ့ပတ်သတ်တဲ့အတွက် မရေရာပဲ ဖြီးဖြန်းမဖြေချင်
တဲ့အတွက် ရှက်ရှက်နဲ ့ပဲ မသိဘူးလို ့ ဝန်ခံလိုက်
ရပါတယ်။သူပြန်သွားတော့ စ်ိတ်တိုတိုနဲ ့ ဒီအဖြေကို မရရအောင် Web တွေမှာ မွှေနှောက်ရှာဖွေရင်း မထင်မှတ်ပဲ စာရေးဆရာတစ်ယောက်ရေးထားတာတွေ ့မိတာနဲ တစ်လက်စတည်း သူငယ်ချင်းတွေကို share ပေးလိုက်ပါတယ်။
ကျွန်တော်ကတော့ နားလည်လွယ်အောင်
ရီုးရီုးရှင်းရှင်းပဲရေးမယ်နော်။
မြတ်စွာဘုရားရှင်က ရဟန်းသံဃာတွေအနေနဲ့ ဆံပင်အရှည်ထားရင် ဆံပင်ဖြီးသင်ခြင်း
ဆီလိမ်းခြင်းစတာတွေလုပ်နေရင် အပြင်ပန်းအလှ
အပတွေနဲ ့အချိန်ကုန်နေမှာစိုးလို ့ ဆံပင်လက်နှစ်
သစ်တောင်ထားခွင့်မရှီဘူးလို ့ တိတိကျကျသတ်
မှတ်ခဲ့ပါတယ်။ဒါပေ့မယ့် ဘုရားရှင်ကိုယ်တိုင်ဘာ
လို ့ဆံပင်အရှည်ထားခဲ့သလဲ။
ဒီလိုပါ။မြတ်စွာဘုရားရှင်က မဟာဂရုဏာ
ရှင်ကြီးဖြစ်ပါတယ်။ခြေတော်ရာတောင် ခုနှစ်ဆူပဲ
ချထားတော်မူပါတယ်။ဘာလို ့လဲဆိုတော့ ခြေတော်ရာကို နောက်လူတွေရှောင်ရ။နင်းမိရင်
လည်းငရဲကြီးမှာစိုးတဲ့အတွက်ပါ။ဒီနေရာမှာ စကားစပ်မိလို ့ကျွန်တော်သိတာလေးတစ်ခုပြော
ပြချင်ပါတယ်။ဘုရားရှင်တိုင်း သွားတဲ့လမ်းမှာ
ခြေတော်ရာမထင်ပါဘူး။ခြေတော်ရာချသင့်တဲ့နေရာမှသာ အဓီဋ္ဌန်ပြုပြီးချတော်မူပါတယ်။ဒါခြေ
တော်ရာပဲရှီသေးတယ်နော်။
ဘုရားဖြစ်ပြီးတဲ့နောက်ကစလို ့ မြတ်စွာဘုရားရဲ ့ ဦးခေါင်းတော်ကို မကိုင်ကောင်းဘူးလေ။မြတ်
စွာဘုရားရဲ ့ဦးခေါင်းတော်ကိုင်ပြီး ဆံတော်ရီတ်
သင်ဖို ့ဆိုရင် အနည်းဆုံးတော့ မြတ်စွာဘုရား
ရဲ ့ အမြင့်မှာနေရမယ်။မြတ်စွာဘုရားထက်မြင့်
မြတ်တဲ့သူ ဒါမှမဟုတ် ဆရာလည်း ဖြစ်ရမယ်လေ။မြတ်စွာဘုရားမှာ ဆရာမရှိတဲ့အပြင် မြတ်စွာဘုရားထက် မြင့်မြတ်
တဲ့သူကရော ဘယ်သူရှီလို ့လဲ။နည်းနည်းတော့
စဉ်းစားကြည့်ပါဦး။မြတ်စွာဘုရားရှင်ကရော
ဘယ်သူ ့ကိုများ သူ ့ဦးခေါင်းတော်ကိုင်ပြီး ဆံပင်
ရီတ်သင်စေမှာလဲ။ဘယ်သူကရော ရီတ်သင်ရဲမှာလဲ။
နောက်ပြီး မြတ်စွာဘုရားရှင် ဆံတော်ပါယ်ပြီး
ကတည်းက ဆံတော်က လက်နှစ်သစ်ပဲရှီပါတယ်။
အဲ့လက်နှစ်သစ်ကနေပြီး သဘာဝအတိုင်း အခွေ
လေးတွေ လိပ်ထွက်လာပြီး လကျင်္ာရစ်သူ ့အစုနဲ ့သူ တည်နေပါတယ်။ဦးထိပ်ပိုင်းဆံတော်တွေက
တော့ သင်းကျစ်လို ့ လကျင်္ာရစ်တည်နေပါတယ်။
ရှေးဟောင်းသမိုင်းစာတွေမှာတော့ မြတ်စွာဘု
ရားရှင်ရဲ ဆံတော်ဟာ တော်တော်လေးကို ကောတ်ပြီး လိပ်ခွေနေတယ်လို့ရေးသားကြပါတယ်။
ဒါဆို ဘုရားရှင်က ဘာလို ့တန်ခိုးတော်နဲ ့ဆံ
တော်မရီတ်လည်း မေးစရာရှီလာပါလိမ့်မယ်။မြတ်
စွာဘုရားက လူသားစစ်စစ်ဘုရားဖြစ်တဲ့အတွက်
လူသားတစ်ယောက်လို သဘာဝကျကျ နေထိုင်
တော်မူပါတယ်။တပည့်သာဝကတွေကို တန်ခိုး
ပြခြင်းကို အားပေးတော်မမူတဲ့အပြင် ကိုယ်တိုင်
လည်း တန်ခိုးပြခြင်းကို ရှောင်ရှားတော်မူပါတယ်။
ဒါ့ကြောင့် ဆံတော်မရှည်စေနဲ ့လို ့ တန်ခိုးတော်
နဲ ့လုပ်တော်မမူပါဘူး။မဟာလူသားလို ့ တင်စား
အပ်တဲ့ ဘုရားရှင်က လူသားတစ်ယောက်လို
ပဲ သဘာဝကျကျနေထိုင်တော်မူပါတယ်လို ့ ဒီအ
ကြောင်းလေးကို ဂျာမန် ဘုန်းတော်ကြီးတစ်ပါးရဲ ့
Good Answers for Good Questions ဆိုတဲ့ကမ္ဘာကျော်စာအုပ်ထဲမှာ ဒီလိုလေး ရေးပြထားပါတယ်။
Upon taking up the homeless life,
he cut his hair with knife.Because his
hair was so curly,it spiraled onto corkscrew curls that sat close to
his head.
နောက်ထပ် မြတ်ဗုဒ္ဓနဲ ့ ပတ်သတ်ပြီး နှီူတ်
နှီူတ်ချွတ်ချွတ် အသေးစိတ်သိထားတာလေး
များရှိရင်လည်း သူငယ်ချင်းတွေကို ပြန် share ပေးပါဦးမယ်။
Comments
Post a Comment